GUIDE Insurance Services Logo

YOUNG အာမခံ၏ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

Celebrating Excellence and Dedication: Honouring Young’s Outstanding Insurance Agents

၂၀၂၃ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့က Niravan Hotel and Resortsတွင် ကျင်းပပြုလုပ်ခဲ့သော Young Investment Group ၏ ဝန်ထမ်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားသို့ GUIDE Insurance Services Agencyမှ ဒါရိုက်တာအဖွဲ့ဝင် ဦးမျိုးမင်းဦးနှင့် ဦးဟန်မင်းဦးတို့အပါအဝင် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ တက်ရောက်ခဲ့ကြပါတယ်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် Young Insuranceနှင့် လက်တွဲလုပ်ကိုင်လျှက်ရှိသော ဆုရထူးချွန် အာမခံကိုယ်စားလှယ်များကိုလည်း Young Insuranceက ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

GUIDE Company ၏ ဒါရိုက်တာအဖွဲ့အဝင် ဦးမျိုးမင်းသည် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် အောက်မြန်မာပြည် အထွေထွေအာမခံ Top Producer Award ကို လက်ခံရရှိခဲ့ပါတယ်။

GUIDE Corporate General Insurance Agency သည် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် Best Consistency and Reliability Award ဆုကို လက်ခံရရှိခဲ့ပါတယ်။