GUIDE Insurance Services Logo

Marine Hull Insurance

ရေယာဥ်ကိုယ်ထည်အာမခံ

ရေယာဥ်ကိုယ်ထည်အာမခံဆိုသည်မှာ ရေယာဥ်များ၏ ကိုယ်ထည်(Hull)သာမက စက်ကိရိယာများ(Machinery) ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးသည့် အာမခံအမျိုးအစားဖြစ်ပါသည်။

ရေယာဥ်ကိုယ်ထည်အာမခံအမျိုးအစားများ

ရေယာဥ်ကိုယ်ထည်အာမခံလုပ်ငန်းတွင် အောက်ပါ အဓိက လုပ်ငန်းအမျိုးအစားများ ပါဝင်ပါသည်

Time Policy

အချိန်ပိုင်းအာမခံ

Voyage Policy

ခရီးတစ်ခေါက်အာမခံ

Builder Risks Policy

သင်္ဘောတည်ဆောက်မှုအာမခံ

Freight Insurance

ကုန်တင်တန်ဆာအာမခံ (မြန်မာ့အာမခံလုပ်ငန်းတွင် လက်ခံဆောင်ရွက်ခြင်းမရှိသေးပါ)

Port Risks Insurance

ရေယာဥ်ဆိပ်ကမ်း၌ရပ်နားထားစဥ်အာမခံ

အာမခံအကာအကွယ်များ

ရေယာဥ်ကိုယ်ထည်အာမခံ လက်ခံဆောင်ရွက်ရာတွင် အဓိကအားဖြင့် အောက်ဖော်ပြပါ အကာအကွယ်(၂)မျိုးဖြင့် လက်ခံဆောင်ရွက်ပါသည်

1. Total Loss Only (လုံးဝဆုံးရှုံးမှုအကာအကွယ်)

အာမခံထား‌သော ရေယာဥ်ကိုယ်ထည်သည် ရေကြောင်း သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်စေ၊ မတော်တဆထိခိုက်မှုကြောင့်ဖြစ်စေ လုံးဝပျက်စီးဆုံးရှုံးပါက ပေးလျော်သော အကာအကွယ်ဖြစ်ပါသည်

လုံးဝဆုံးရှုံးမှုဟူ၍ သတ်မှတ်ရမည့်အခြေအနေ (Constructive Total Loss)

အာမခံထားသောရေယာဥ်များ ပျက်စီးသောအခါ ပြန်လည်ပြင်ဆင်ရာတွင် ကုန်ကျသောတန်ဖိုးသည် အာမခံထားရှိသောတန်ဖိုးထက် ပိုမိုနေပါက (Constructive Total Loss)ဟု သတ်မှတ်၍ အာမခံလက်ခံသူသည် အာမခံထားရှိသောတန်ဖိုးအပြည့်အဝကို ပေးလျော်ပြီး ရေယာဥ်ကို သိန်းယူပါသည်

Presumed Total Loss

အာမခံထားရှိသော ရေယာဉ်သည် အာမခံထားရှိပြီးနောက် သက်မှတ်ထားသော ကာလအတွင်း သက်ဆိုင်ရာဆိပ်ကမ်းသို့ ပြန်လည်မရောက်ရှိခြင်း (သို့) သတင်းတစ်စုံတစ်ရာ  မရရှိခြင်း ဖြစ်ပါက Presumed Total loss ဟု သက်မှတ်ပါသည်

Compromised Total Loss

အာမခံထားရှိသည့် ရေယာဉ်နစ်မြှုပ်ပြီးနောက် ဆယ်ယူစရိတ် နှင့် ပြင်ဆင်စရိတ်သည် အာမခံထားရှိသည့် တန်ဖိုးနီးပါးဖြစ်နေလျှင် အာမခံကုမ္ပဏီသည် အာမခံထားသူနှင့် ညှိနှိုင်း၍ Compromised Total Loss အဖြစ် သက်မှတ်ပြီး ပေးလျော်နိုင်ပါသည်

2. All Risks Hull (အလုံးစုံအန္တရာယ်အကာအကွယ်)

အာမခံထားသည့်ရေယာဥ်ကိုယ်ထည်များ ပျက်စီးဆုံးရှုံးခြင်းအတွက် ပေးလျော်ရန် တာဝန်ယူရသော အာမခံအကာအကွယ်ဖြစ်ပါသည်။ ယင်းအလုံးစုံအန္တရာယ်အကာအကွယ်သည် ရေကြောင်းအာမခံတွင် အကျယ်ပြန့်ဆုံးသော အကာအကွယ်ဖြစ်ပါသည်။ တစ်စိတ်တစ်ဒေသပျက်စီးမှုကိုပါ ပေးလျော်ပါသည်။ အလုံးစုံအကာအကွယ်တွင် အောက်ဖော်ပြပါများ ပါဝင်ပါသည်။

  1. Perils of the seas, rivers, lakes or all navigable waters (မြစ်ကြောင်း၊ ပင်လယ်သမုဒ္ဒရာများ သို့မဟုတ် သင်္ဘောများ ခုတ်မောင်းသွားလာနိုင်သော ရေပိုင်နက်အတွင်းဖြစ်ပွားသော ‌ဘေးအန္တရာယ်များ)
  2. Fire, Ecplosion (မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း)
  3. Violent Thief by Persons from outside the Vessel (သင်္ဘောပြင်ပြမှ ခိုးယူခြင်း)
  4. Jettison (သင်္ဘောပေါ်မှ ပစ်ချခြင်း)
  5. Piracy (ပင်လယ်ဓါးပြတိုက်ခြင်း)
  6. Breakdown of or Accident to Nuclear Installation of Reactors (နျူကလီးယားအဆောက်အဦ သို့မဟုတ် အနုမြူဓါတ်ပေါင်းစက်ပျက်ခြင်း သို့မဟုတ် မတော်တဆဖြစ်ပွားခြင်းပျက်စီးမှု
  7. Contact with Aircraft or Similar, Objects, or Objects Falling there form, Land Conveyance, Dock of Harbour Equipment or Installations (လေယာဥ် သို့မဟုတ် အလားတူ အရာဝတ္ထုများနှင့်ထိခိုက်ခြင်း သို့မဟုတ် ၄င်းတို့အပေါ်မှ ပြုတ်ကျလာသော အရာဝတ္ထုများနှင့်ထိခိုက်မိခြင်း၊ ကုန်းလမ်းယာဥ်၊ သင်္ဘောကျင်း သို့မဟုတ် ဆိပ်ကမ်းမှ ကိရိယာတန်ဆာပလာများနှင့် ထိခိုက်ခြင်း)
  8. Earthquake, Volcanic Eruption, Lightning (ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မိုးကြိုးပစ်ခြင်း)
  9. Accidents in Loading and Descharging or Shifting Cargo or Fuel (ကုန်တင်ကုန်ချနေစဥ် သို့မဟုတ် ကုန် သိုမ့ဟုတ် လောင်စာဆီများအား ရွှေ့ပြောင်းစဥ် မတော်တဆထိခိုက်ခြင်း)
  10. Bursting of Boilers, Breakage of Shaft or any Latent Defect in the Machinery or Hull (ဘွိုင်လာများပေါက်ကွဲခြင်း၊ Shaft ကျိုးခြင်းနှင့် စက်ပစ္စည်း သို့ ရေယာဥ်ကိုယ်ထည်တွင် တည်ဆောက်မှု မှားယွင်းခြင်း)
  11. Negligence of Master, Officer, Crew or Pilot (ရေယာဥ်မှူး သို့မဟုတ် အရာရှိ သို့မဟုတ် သင်္ဘောသား သို့မဟုတ် ရေကြောင်းပြတို့၏ ပေါ့ဆမှုကြောင့် ပျက်စီးခြင်း)
  12. Negligenc of repairers or charterers provided such repairers or charterers are not on Assured hereunder (ပြင်ဆင်သူ သို့မဟုတ် ငှားရမ်းသူတို့၏ ပေါ့ဆမှုကြောင့်ပျက်စီးခြင်း {ယင်းပြင်ဆင်သူ သို့မဟုတ် ငှားရမ်းသူသည် အာမခံထားသူ မဖြစ်စေရ})
  13. Barratry of Master, Officer, Crew provided such loss or damage has not resulted from wants of due diligence by the Assured, Owners or Managers (ရေယာဥ်မှူး သို့မဟုတ် အရာရှိ သို့မဟုတ် သင်္ဘောသားများ ပုန်ကန်ခြင်းကြောင့် ပျက်စီးမှုများ {အာမခံထားသူ သိုမ့ဟုတ် သင်္ဘောပိုင်ရှင် သို့မဟုတ် မန်နေဂျာများ၏ ပေါ့ဆမှုမပါစေရ})

အာမခံ လက်ခံဆောင်ရွက်ခြင်း

အာမခံထားရှိရာတွင် အဆိုလွှာပုံစံ သို့မဟုတ် သီးခြားစာဖြင့် အာမခံထားသူက အာမခံလက်ခံသူသို့ အကြောင်းကြားရန်လိုအပ်ပါသည်။ ဤကဲ့သို့ အကြောင်းကြားရာတွင် အာမခံထားလိုသူသည် မိမိအာမခံထားရှိလိုသည့် ကိုယ်ထည်နှင့်ပတ်သက်၍ အကြောင်းအရာအပြည့်အစုံကို ကွယ်ဝှက်ထိန်ချန်ခြင်းမရှိဘဲ ရိုးသားစွာ အမှန်အတိုင်းတင်ပြရန် လိုအပ်ပါသည်။ သို့မှသာ အာမခံလက်ခံသူဘက်မှ လိုအပ်သော အချက်အလက်များစီစစ်ပြီး အာမခံလက်ခံနိုင်ခြင်း ရှိ/မရှိ ဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။ အဆိုလွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရန် လိုအပ်ပါသည်။

  1. ရေယာဥ်လိုင်စင်မိတ္တူ
  2. ရေယာဥ်၏ ရှေ့/နောက်/ဝဲ/ယာ ဓါတ်ပုံ(၄)ပုံနှင့် စက်ခန်းဓါတ်ပုံ (၁)ပုံ
  3. ရေယာဥ်မှူး၏ အောင်လက်မှတ်မိတ္တူ
  4. ရေယာဥ်မှူး၏ ကိုယ်ရေးရာဇဝင်အကျဥ်းချုပ်
  5. စစ်ဆေးချက် အစီအရင်ခံစာ (အခါအားလျော်စွာ)
  6. ရေယာဥ်တန်ဖိုးအထောက်အထား

အာမခံ လျော်ကြေးပေးချေခြင်း

သင်္ဘောကိုယ်ထည် အာမခံထားရှိသည့်ကာလအတွင်း ပျက်စီးဆုံးရှုံးမှုရှိပါက ယူထားသောအကာအကွယ်အမျိုးအစားအလိုက် လျော်ကြေးပေးချေရပါသည်။ ရေကြောင်းပေါ်လစီသည် လွတ်လပ်စွာ လွှဲပြောင်းနိုင်ခွင့်ရှိ၍ လျော်ကြေးပေးချေရာတွင် အာမခံထားသူမှ လွှဲပြောင်းပေးသူအား တိုက်ရိုက်ပေးချေခွင့်ရှိပါသည်။ လျော်ကြေးတောင်းခံရန်အတွက် အောက်ပါအထောက်အထားများ ပူးတွဲတင်ပြရန် လိုအပ်ပါသည်။

  1. Claim Bill (လျော်ကြေးတောင်းခံလွှာ)
  2. Damage Report (ပျက်စီးမှုအစီအရင်ခံစာ)
  3. Master Report (ရေယာဥ်မှူး၏ အစီအရင်ခံစာ)
  4. Survey Report (စစ်ဆေးချက် အစီအရင်ခံစာ)
  5. Log Abstract (သင်္ဘောနေ့စဥ်မှတ်တမ်း)
  6. Repair Invoice (ပြင်ဆင်စရိတ်စာရင်းများ)

DOWNLOAD SECTION

Our Valuable Customers