GUIDE Insurance Services Logo

Fire Insurance

မီးအာမခံ

မီးအာမခံသည် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့‌ပြောင်းနိုင်သောပစ္စည်းများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာပါက မူလအနေအထားအတိုင်း ပြန်လည်ထူထောင်ရာတွင် အာမခံထားစဥ်က သဘောတူသတ်မှတ်ထားသော တန်ဖိုး (အာမခံထားငွေ)အထိ ရင်းစားပြန်လည်ရရှိစေရန် အထောက်အပံ့ပေးသော အာမခံအမျိုးအစားတစ်ခုဖြစ်သည်။

အခြေခံ မီးအာမခံအကာအကွယ်များ

Accidental Fire

မတော်တဆမီး

Spread Fire

ကူးစက်မီး

Fire & Lightning

မိုးကြိုးပစ်၍လောင်သောမီး

Cooking Gas Fire

အိမ်သုံးဓါတ်ငွေယိုစိမ့်၍ လောင်သောမီး

မီးအာမခံဝယ်ယူခြင်းဖြင့် ဆက်စပ်ရရှိနိုင်သော အကာအကွယ်များ

ရွေးချယ်ဝယ်ယူနိုင်သော အပိုအကာအကွယ်များ

အာမခံထားသူဆိုသည်မှာ အာမခံထားသောပစ္စည်းကို တရားဥပဒေအရ ပိုင်ဆိုင်သူ၊ မိမိ၏ရပိုင်ခွင့်ကို တရားစွဲဆို၍ တောင်းခံနိုင်ခွင့်ရှိသူကို ဆိုလိုပါသည်

အာမခံထားနိုင်သည့်ပစ္စည်းဆိုသည်မှာ ရွှေ့ပြောင်းနိုင်သောပစ္စည်း(Moveable)၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများဖြစ်သည့် အဆောက်အဦးများ၊ စက်ပစ္စည်းများ၊ ကုန်ပစ္စည်းများ၊ ပရိဘောဂများနှင့် လုပ်ငန်းသုံးပစ္စည်းများဖြစ်ပါသည်။ အောက်ဖော်ပြပါ တန်ဖိုးသတ်မှတ်ရန်ခက်ခဲသော ပစ္စည်းများနှင့် အလိုအလျောက် မီးလောင်စေတတ်သော ပစ္စည်းများကို အာမခံလက်ခံခြင်း မပြုပါ။

  1. ခေတ္တအပ်နှံထားသော ကုန်ပစ္စည်းများ
  2. ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာများ
  3. ကျပ် ၅၀,၀၀၀/-ထက် တန်ဖိုးရှိသော အနုပညာလက်ရာပစ္စည်းများ
  4. ရှေးဟောင်းပေမူ၊ စာမူ၊ ပန်းချီ၊ ပုံကြမ်းများ၊ သွန်းပုံများ
  5. ငွေစုလက်မှတ်၊ ငွေချေးသက်သေခံလက်မှတ်၊ စာချုပ်စာတမ်းများ၊ တံဆိပ်ခေါင်းများ၊ ငွေစက္ကူများ၊ စာရင်းစာအုပ်များ၊ လုပ်ငန်းစာအုပ်များ
  6. ကျောက်မီးသွေး
  7. ပေါက်ကွဲစေတတ်သောပစ္စည်းများ

အာမခံတန်ဖိုးမှာ ရှိသင့်အမှန်တန်ဖိုးဖြစ်ရပါမည်။ အဆောက်အအုံဆောက်လုပ်သည့် တန်ဖိုးဖြစ်ပါသည်။ အဆောက်အအုံတည်ရှိရာ နေရာဒေသအလိုက်ရှိသည့် စျေးကွက်တန်‌ဖိုးကို လက်မခံပါ။ အဆောက်အအုံ၏ တစ်ယူနစ်ဧရိယာ ခန့်မှန်းတန်ဖိုး (Per Area Estimation, PAE)တွက်ချက်ပြီး စိစစ်လက်ခံပါသည်။ ယင်းသို့ PAE စိစစ်သဖြင့် အဆောက်အအုံ၏ အကျယ်အဝန်း အလျား၊ အနံ၊ အမြင့်၊ အထပ် စသည်ဖြင့် သိရှိရန် လိုပါသည်။ တစ်ထပ်ထက်ပိုသော အဆောက်အဦးအတွက် အထပ်လိုက်အကျယ်အဝန်းနှင့် တန်ဖိုးတို့ကိုလည်း စိစစ်ပါသည်။

ပရိဘောဂ၊ စက်ပစ္စည်းနှင့် ကုန်ပစ္စည်းများတန်ဖိုးအတွက် ကုန်လက်ကျန်စာရင်း အာမခံထားလိုသည့် အသေးစိတ်စာရင်း၊ တန်ဖိုးအထောက်အထားများ လိုအပ်ပါသည်။ အာမခံထားသည့်တန်ဖိုးသည် အမှန်တကယ်ရှိသည့် ပစ္စည်းတန်ဖိုးထက် လျော့နည်းမထားရပါ။ လျော့နည်းထားပါက ကျန်သောတန်ဖိုးမှာ အာမခံထားသူ၏ တာဝန်ဖြစ်ပါသည်။

အာမခံသက်တမ်းကို (၁၀)ရက်မှ (၁)နှစ်သက်တမ်းအထိ ထားရှိနိုင်ပါသည်

ပရီမီယံနှုန်းထားသတ်မှတ်ရာတွင် အဆောက်အအုံအတန်းအစား၊ ယင်းအဆောက်အအုံကို အသုံးပြုပုံ၊ အဆောက်အအုံသက်တမ်းနှင့် ပတ်ဝန်းကျင်ရှိ အဆောက်အုံများ၏ အခြေအနေပေါ်မူတည်၍ တွက်ချက်ထားသော နှုန်းဇယား(Tariff)အရ သတ်မှတ်ပါသည်။

ပထမတန်းစားအဆောက်အအုံဖြစ်လျှင် (၂၅)ပေအတွင်း၌လည်းကောင်း၊ ဒုတိယတန်းစား၊ တတိယတန်းစားများဖြစ်ပါက (၅၀)ပေအတွင်း၌လည်းကောင်း၊ အာမခံထားသော အဆောက်အအုံထက်ညံ့သော အဆောက်အအုံမရှိလျှင် မူရင်းအဆောက်အအုံအတန်းအစားနှင့် အသုံးပြုပုံကို မူတည်၍ ပရီမီယံနှုန်း သတ်မှတ်ပါသည်။

အကယ်၍ ပထမတန်းစား အဆောက်အအုံ၏ (၂၅)ပေ အတွင်း၌လည်းကောင်း၊ ဒုတိယတန်းစား၊ တတိယတန်းစားများ၏ ‌(၅၀)ပေအတွင်း၌လည်းကောင်း အာမခံထားသော အဆောက်အအုံထက်ညံ့သော အဆောက်အအုံရှိလျှင် မူရင်းအဆောက်အအုံနှုန်းနှင့် ပတ်ဝန်းကျင်အဆောက်အအုံနှုန်း (၂)မျိုးကိုပေါင်း၍ ပျမ်းမျှနှုန်းသတ်မှတ်ပါသည်။

ပထမနှစ်အာမခံသက်တမ်းအတွင်း ဆုံးရှုံးမှုလျော်ကြေးမရှိပါက ဒုတိယနှစ်မှစပြီး နောက်နှစ်များအတွက် အာမခံဆက်လက်ထားရှိ၍ တည်မြဲရေးပရီမီယံပေးသွင်းသည့်အခါ ပထမနှစ်ပရီမီယံငွေပေါ်မှ (၂၅%)ကျသင့်ငွေကို လျော်ကြေးမဲ့ဆုကြေးအဖြစ် ရရှိပါမည်။ ပထမနှစ် ပရီမီယံနှင့် ဒုတိယနှစ်ပရီမီယံ နှိုင်းယှဥ်ပြီး နည်းသည့် ပရီမီယံ၏ (၂၅%)ကိုသာ ခံစားခွင့်ပြုပါသည်။

Product Information

မီးအာမခံရှင်းလင်းချက်အား Download ရယူရန်

Our Valuable Customers