GUIDE Insurance Services Logo

Cargo Insurance

ကုန်ပစ္စည်းအာမခံ

ရေလမ်း/ကုန်းလမ်းခရီးဖြင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် မီးနှင့် အခြားသော ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးသောအာမခံအမျိုးအစားဖြစ်ပါသည်။

  • အာမခံထားသည့်ကုန်ပစ္စည်းများ တင်ဆောင်လာသေရေယာဥ် (သို့မဟုတ်) မော်တော်ာယာဥ်သည် သဘာဝဘေးအန္တရာယ်၊ ယာဥ်ထိခိုက်မှုနှင့် မတော်တဆမီးလောင်ခြင်းတို့ကြောင့် ကုန်ပစ္စည်းများ ပါကင်တစ်ခုခြင်းစီအလိုက် လုံးဝပျက်စီးခြင်းအတွက် လျော်ကြေးငွေရရှိပါမည်။ (တစ်စိတ်တစ်ပိုင်းဆုံးရှုံးမှုများအတွက် လျော်ကြေးမရပါ)
  • ရေယာဥ်နစ်မြုပ်ခြင်းမှ ကင်းဝေးအောင်ဆောင်ရွက်ရာတွင် ကျသင့်သည့်ကုန်ကျစရိတ်များ၊ အလုပ်သမား Sue & Labour Charges များကို ပြန်လည်တောင်းခံနိုင်ပါသည်။

လက်နက်ခဲယမ်းမီးကျောက်နှင့် တရားဥပဒေအရ ကန့်သတ်ထားသော ကုန်ပစ္စည်းများမှလွဲ၍ ကျန်သည့်ကုန်ပစ္စည်းများအားလုံးကို အာမခံထားရှိနိုင်ပါသည်။

ခရီးစဥ်အတွင်း သယ်ယူသွားသောကုန်ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းတန်ဖိုး

  • ခရီးစဥ်တစ်ခေါက် – ကုန်ပစ္စည်းများကို စတင်သယ်ယူသည့်နေရာမှ ဆိုက်ရောက်သည့်နေရာရောက်သည်အထိ ကြာသည့်အချိန်ကာလ
  • ယာဥ်မထွက်ခွါမီ ခန့်မှန်းရက်စွဲဖြင့် အာမခံထားရှိနိုင်သည်
  • သတ်မှတ်စည်းကမ်းများနှင့် မညီညွတ်သော ပျက်စီးဆုံးရှုံးမှုများ
  • ရေယာဥ်တွင် သတ်မှတ်ထားသောအလေးချိန်ထက် ပိုမိုတင်ဆောင်ခြင်းကြောင့်ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ
  • အဆိုလွှာတွင် ဖော်ပြထားသော အချက်များ မမှန်ကန်ခြင်း
  • ခရီးစဥ်စတင်ထွက်ခွါခြင်းမပြုမီနှင့် ခရီးစဥ်ရောက်ရှိပြီးနောက်ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုမျာ
  • အကြောင်းတစ်စုံတရာကြောင့် ခရီးစဥ်တွင် နှောင့်နှေးကြန့်ကြာသဖြင့် ပေါ်ပေါက်လာသော ကုန်ပစ္စည်များ ပုတ်သိုး၊ ယိုယွင်းပျက်စီးမှုများအားလုံးနှင့် ပစ္စည်း၏ ပင်ကိုယ်သဘာအရ ပျက်စီးခြင်းများအားလုံး
  • ပေါ်လစီစာချုပ် (သို့မဟုတ်) အာမခံလက်မှတ်မူရင်း
  • ပြင်ဆင်မှုရှိခဲ့ပါက ပြင်ဆင်ချက်
  • ရေယာဥ်လိုင်စင်၊ တွဲလိုင်စင်
  • ဆုံးရှုံးမှုဖြစ်စဥ်အတွက် ရေယာဥ်အုပ် (သို့မဟုတ်) ဆလင်၏ ကျမ်းကျိန်ဆိုချက်၊ ရေယာဥ်လုပ်သားများ၏ ထွက်ဆိုချက်
  • ကုန်ပို့လွှာ
  • လျော်ကြေးတောင်းခံလွှာ
  • စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက်အစီရင်ခံစာ၊ မှတ်တမ်းဓါတ်ပုံများပူးတွဲ
  • သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်း၊ ရဲတပ်ဖွဲ့ထောက်ခံချက်
  • ဆယ်တင်တန်ဖိုးရောင်းရငွေ
  • ဆုံးရှုံးမှုလျော့နည်းစေရန် ဆယ်တင်ကုန်ပစ္စည်းများအတွက် သယ်ယူစရိတ်တောင်းခံလွှာ
  • ရေယာဥ်ထွက်ခွါခွင့်လက်မှတ်

ပရီမီယံနှုန်းထား

1အထွေထွေကုန်ပစ္စည်း 
 ခရီးစဥ် အစမှ အဆုံး0.14% (Total Loss Only)
 နိုင်ငံဖြတ်‌ကျော် (From Border to Border)0.14% (Total Loss Only)
2ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်၊ ဓါတ်ငွေ့  – ခရီးစဥ် အစမှ အဆုံး0.28% (Total Loss Only)
3ကွဲရှလွယ်ပစ္စည်း0.80% (Total Loss Only)
4မြင်း0.56% (All Risk)
1အထွေထွေကုန်ပစ္စည်းများ 
 မြစ်တွင်း0.14% (Total Loss Only)
 ကမ်းရိုးတန်း (နွေရာသီ)0.28% (Total Loss Only)
 ကမ်းရိုးတန်း (‌မိုးရာသီ)0.56% (Total Loss Only)
 ချောင်းတွင်း0.084% (Total Loss Only)
 ဂုံနီအိတ်၀0.112% (Total Loss Only)
2ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်၊ ဓါတ်ငွေ 
 မြစ်တွင်း0.28% (Total Loss Only)
 ကမ်းရိုးတန်း (နွေရာသီ)0.42% (Total Loss Only)
 ကမ်းရိုးတန်း (‌မိုးရာသီ)0.84% (Total Loss Only)
3သစ်လုံး (Shore to on Board)0.56% (All Risk)
4အပိုအကာအကွယ်များ 
 စစ်နှင့် စစ်အသွင်0.10% (Total Loss Only)
 သပိတ်၊ အဓိကရုဏ်း၊ လူထုအုံကြွမှု0.06% (Total Loss Only)
 ဆိပ်ကမ်းရက်လွန်ကြေး10% of basic Premium (Total Loss Only)
1အထွေထွေကုန်ပစ္စည်း0.28% (Total Loss Only)
1အထွေထွေကုန်ပစ္စည်းများ0.56% (Total Loss Only)
 On Deck 
 Trans-shipment0.28% (All Risk)
 Via0.14% (All Risk)
 Suez0.0375% (All Risk)
 War Zone & Surcharge0.05% (All Risk)
2ကွဲရှလွယ်ပစ္စည်း0.8% (All Risk)
3ဓါတ်မြေသြဇာ (အမှုန့်)0.8% (All Risk)
4ဓါတ်မြေသြဇာ (အရည်)0.56% (All Risk)
5ဘိလပ်မြေ0.56% (All Risk)
6ကြက်သားပေါက် (By Air)0.56% (Total Loss Only)
7ပုတ်သိုးလွယ်သောပစ္စည်း (By Air)0.56% (Total Loss Only)

Product Information

ကုန်းလမ်းနှင့်ရေကြောင်း ကုန်ပစ္စည်းအာမခံရှင်းလင်းချက်အား Download ရယူရန်

Our Valuable Customers