Contractor All Risk Insurance
ကန်ထရိုက်တာ တည်ဆောက်တပ်ဆင်မှုလုပ်ငန်း အလုံးစုံအာမခံ
ကန်ထရိုက်တာတည်ဆောက်တပ်ဆင်လုပ်ငန်းအလုံးစုံအာမခံသည် တည်ဆောက်နေသော (သို့မဟုတ်) တပ်ဆင်နေသော ပစ္စည်းဥစ္စာများအား ထိခိုက်ပျက်စီးခြင်းနှင့် သူတစ်ပါးထိခိုက်နစ်နာမှုအတွက် ပေးလျော်ရန် တာဝန်ရှိမှုများအား အကာအကွယ် ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။
- မီးလောင်ပျက်စီးခြင်း
- သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့်ပျက်စီးခြင်း
- မိုးကြိုးပစ်၍ပျက်စီးခြင်း
- ပေါက်ကွဲမှုအမျိုးမျိုးကြောင့်ပျက်စီးခြင်း
- ဖောက်ထွင်းခိုးယူမှုကြောင့်ပျက်စီးခြင်း
- မသမာဖျက်ဆီးမှုကြောင့်ပျက်စီးခြင်း
- လုပ်ငန်းနယ်မြေအတွင်း သူတစ်ပါးပိုင်ပစ္စည်းများပျက်စီးခြင်း
- သူတစ်ပါး ထိခိုက်ဒဏ်ရာရခြင်း/ သေဆုံးခြင်း
CAR/EAR အာမခံပေါ်လစီတွင် အပိုအကာအကွယ် (၂) မျိုး ထပ်မံဝယ်ယူ၍ ရရှိနိုင်ပါသည်။
- Maintenance Period
Period Rate 3 Months 0.05% (on the contraction value) 6 Months 0.075% (on the contraction value) 1 Year 0.10% (on the contraction value) - Debris Removal – 05% of contract value
- အာမခံထားငွေသည် ဆောက်လုပ်ရေးစာချုပ်တွင် ဖော်ပြထားသည့် ပမာဏအတိုင်းဖြစ်သည်
- အာမခံထားနိုင်သည့်သက်တမ်းသည် အဆောက်အဦးပိုင်ရှင်နှင့် ကန်ထရိုက်တာတို့ ချုပ်ဆိုထားသော အမှန်တကယ်စာချုပ်အပေါ်တွင် မူတည်သည်
- ဆောက်လုပ်ရေးစီမံကိန်းတွင် ပါဝင်နေသောသူများ
- ပိုင်ရှင် (သို့မဟုတ်) အလုပ်ရှင်
- ကန်ထရိုက်တာများ
- လက်ထောက် ကန်ထရိုက်တာများ
Cover | 3 Months | 6 Months | 1 Year | 1.5 Year | 2 Year | 2.5 Year | 3 Year | 3.5 Year | 4 Year | 4.5 Year | 5 Year | |
Own Damage (Property) | 0.15% | 0.225% | 0.3% | 0.323% | 0.33% | 0.353% | 0.36% | 0.383% | 0.39% | 0.413% | 0.42% | |
Own Damage (Property) + Third Party Liability (Property, Death & Injury) | 50% 75% 100% 125% | 0.165% 0.17% 0.175% 0.185% | 0.248% 0.255% 0.263% 0.278% | 0.33% 0.34% 0.35% 0.37% | 0.355% o.366% 0.376% 0.398% | 0.363% 0.374% 0.385% 0.407% | 0.388% 0.4% 0.411% 0.435% | 0.396% 0.408% 0.42% 0.444% | 0.421% 0.434% 0.446% 0.462% | 0.429% 0.442% 0.455% 0.481% | 0.454% 0.468% 0.481% 0.509% | 0.462% 0.478% 0.49% 0.518% |
ဆောက်လုပ်ရေးလုပ်ငန်း (သို့မဟုတ်) ကန်ထရိုက်တာလုပ်ငန်းများနှင့် မသက်ဆိုင်သောသူများ၊ အရာများကို Third Party ဟုခေါ်သည်။ Third Party ဟုခေါ်ဆိုရာတွင် ဝန်ထမ်းများ၊ အင်ဂျင်နီယာများ၊ အလုပ်သမားများ၊ ကုန်ပစ္စည်းပေးသွင်း သူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌နေထိုင်သော အလုပ်သမားများ၏ မိသားစုများ မပါဝင်ပါ
- ကြိုတင်ကြံစည်၍ ဖြစ်ပေါ်လာသော လုပ်ဆောင်ချက်များနှင့် ပေါ့ဆမှုများ
- စစ်ပွဲများ၊ ကျူးကျော် တော်လှန်ပုန်ကန်မှုများ၊ အဓိကရုဏ်း ဆန္ဒပြ သပိတ်မှောက်ခြင်းများကြောင့် ဖြစ်ပေါ်လာ သော ဆုံးရှုံးမှုများ
- ဒီဇိုင်းအားနည်းခြင်း (သို့မဟုတ်) လုပ်ပုံကိုင်ပုံ မသေသပ်ခြင်း
- သံချေးတက်ခြင်း၊ ယိုယွင်းပျက်စီးခြင်း
- စက်ချို့ယွင်းခြင်း၊ မီးပျတ်တောက်မှုကြောင့် ပျက်စီးဆုံးရှုံးခြင်း
- စာရင်းများ/ ပစ္စည်းများ မကိုက်ခြင်း
- လုပ်ငန်းခွင်အတွင်း အသုံးပြုနေသော မော်တော်ယာဥ်၊ ရေယာဥ်၊ လေယာဥ် ဆုံးရှုံးပျက်စီးခြင်း
- တုန်ခါခြင်း၊ အရံအတားပြိုခြင်း၊ ရေထိမ်းနံရံပဲ့ပြိုခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော သူတစ်ပါးပေးလျော်ခြင်း
- ဝန်ထမ်းများထိခိုက်ခြင်း
- တာဝန်ယူစောင့်ရှောက်ထားသော ပစ္စည်း၊ ငှားရမ်းအသုံးပြုနေသာ ပစ္စည်းများ
Product Information
ကန်ထရိုက်တာ တည်ဆောက်တပ်ဆင်လုပ်ငန်း အလုံးစုံအာမခံရှင်းလင်းချက်အား Download ရယူရန်